သူငယ်ချင်းရေ
ဒီနေ့ အရင်လို ဟင်းမစုံလို့
မစားချင် ဘူးမလုပ်နဲ့
ထမင်းရည် သောက်နေတဲ့ သူတွေ
ပိုပို များလာတာ မမေ့နဲ့ဟ။
သူငယ်ချင်းရေ မရှိမဲ့ စုမဲ့စုထားတာတွေ ရောင်ခိုင်းပြီး
တိုင်းတစ်ပါးသားဆီမှာတော့ ကျွန်မလုပ်ပါနဲ့ကွာ
မင်းတတ်တဲ့ A B C D ဟိုမှာ တတ်ချင် လွန်းလို့
မြေပေါ်မှာ အရေးကျင့်တဲ့ သူတွေရှိတယ် ဟ။
သူငယ်ချင်းရေ
ဒီအလုပ်က မမိုက်ပါဘူးကွာ
ပင်ပန်းလို့ စိတ်ပျက် လို့တော့
ဂဂျီ ဂဂျောင် မလုပ်နဲ့
မင်းနောက်မှာ အဲဒါလိုချင်လို့
တန်းဆီနေတဲ့
အလုပ်လက်မဲ့တွေ
အများကြီးပဲ ဟ။
သူငယ်ချင်းရေ
မိဘ စကားတတွတ်တွတ်ကြားလို့
ကျဉ်းကျပ်တယ် မထင်နဲ့
မိဘမဲ့ ကလေးကျောင်း
တစ်ရက်လောက်သွားကြည့်
မေတ္တာ ငတ်တဲ့
မျက်ဝန်းဆိုတာ မြင်ဖူးအောင်လို့ဟ။
သူငယ်ချင်းရေ
မင်းရဲ့  မိဘ ဆွေမျိုး ပတ်ဝန်ကျင် အသိုင်ဝိုင်း
ရဲ့ မေတ္တာစစ် ကို မစော်ကားမိစေနဲ့
မင်းအားကျတဲ့ အနောက်တိုင်းယဉ်ကျေးမှုမှာ
၂ ပွေတွဲ ၃ ပွေတွဲ ၁ ချီစား ၂ ချီစား ဇယားတချို့ရှိနေလေရဲ့ ဟ။
သူငယ်ချင်းရေ
မင်းကို အမှန်အတိုင်းခင်းပြရင်
စကားလမ်း ကြမ်းချင်ကြမ်းမယ်
မင်းဘေးမှာ ချို သကာပျားနဲ့
လိုရာစားမယ့် ဂွင် တချို့ မ၀င်မိစေနဲ့ဟ။
ဒီခေတ်မှာက
ဇွဲရှိဖို. ကြိုးစားဖို.
စိတ်ရှည်ဖို့တော့လိုတယ်
အဲ တချို့က အဲဒီလို ကြိုးစားရင်း
လက်ရှိနေရာရဲ့ တန်ဖိုးကို
မေ့သွားလေရဲ့။
နေရာတိုင်းမှာတော့
နေရာလိုက်တန်ဖိုး
ရှိနေ လေတယ်။
ခေတ်သစ် ကြေးမုံမှာ
မြင်အောင်ကြည့်ပေါ့ ကွာ...သူငယ်ချင်း
No comments:
Post a Comment